သတင်းများ

ကယားပြည်နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 06,2022
ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ဆက်လက်ကျောင်းတက်ရောက်လျက်ရှိပြီး အဆိုပါကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စီးပွားဖြစ်(ဂျင်း/ခရု/ငါး)မွေးမြူထုတ်လုပ်မှုသင်တန်းဖွင့်လှစ်
Jun 06,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကြီးကြပ် မှုဖြင့်(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၃.၁၂၆)သန်းဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စီးပွားဖြစ်(ဂျင်း/ခရု/ငါး)မွေးမြူ ထုတ်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ်တွင် လုပ်ငန်းခွင်အကြို ဆရာ/ဆရာမများ၊ မြို့နယ်အခြေပြု ရက်တိုသင်တန်းဖွင့်လှစ်
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လုပ်ငန်းခွင်အကြို ဆရာ/ဆရာမများ မြို့နယ်အခြေပြုရက်တိုသင်တန်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က အခြေခံပညာအထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 06,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်
မိုင်းပန်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ် အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိရာ ယနေ့မွန်လွဲ(၁)နာရီအချိန်က အ.လ.က (မွေတော်) ကျောင်းရှိ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(၁) ပြင်ဦးလွင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့သည်။
ကော့ကရိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 06,2022
ကရင်ပြည်နယ်​​၊ ကော့ကရိတ်မြို့တွင် သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ် အဖြစ်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတု အပူဒဏ် ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးရည်ရွယ်၍မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁၃)အခြေခံပညာ မူလတန်း​​ကျောင်းတွင် စုပေါင်းစိုက်ပျိုးခဲ့​ကြောင်းသိရသည်။ 
ချင်းရွှေဟော်မြို့တွင် ရှင်အပါး(၃၅၀) ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲကျင်းပ
Jun 06,2022
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ ထေရဝါဒသာသနာပြု ကျောင်းတိုက်ခွဲ ကိုးန၀င်းအောင်စကြ်ာကျောင်းတိုက် အောင်သုခပဌာန်းဓမ္မာရုံတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးခင်မောင်လွင်နှင့် ဇနီးဒေါ်မိုးစန္ဒာ မိသားစုမှရှင်အပါး(၃၅၀)ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲအား ကျင်းပလှူဒါန်းခဲ့ကြောင်း သိရှိရသည်။