ကော့ကရိတ် ဇွန် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဖြစ်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးရည်ရွယ်၍မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးမိုး၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးစောတင်မြင့်တို့က တက်ရောက်လာသူများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက သတ်မှတ်ထားသောနေရာများတွင် ကျွန်း(၂၀)ပင်၊ မန်ဂျန်ရှား(၂၂၀)ပင်၊ ပျဉ်းကတိုး (၂၀)ပင် ၊မဟောဂနီ (၂၀)ပင်၊မြန်မာက္ကိုလ် (၂၀) ပင်၊ စုစုပေါင်းပျိုးပင်(၃၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြသည်။
အဆိုပါမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထွန်းဝေ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ဒုခရိုင်ရဲမှူးခင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဌေးရွေ နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအမှုဆောင်ဦးစောရောဘတ်ထူး၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းမှဆရာ/ဆရာမများနှင့် ကျောင်းသူကျောင်းသားများ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများစုစုပေါင်း အင်အား (၁၃၀)ဦး တက်ရောက် စိုက်ပျိုးကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)