ချင်းရွှေဟော်မြို့တွင် ရှင်အပါး(၃၅၀) ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲကျင်းပ

ချင်းရွှေဟော် ဇွန် ၆

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ ထေရဝါဒသာသနာပြု ကျောင်းတိုက်ခွဲ ကိုးန၀င်းအောင်စကြ်ာကျောင်းတိုက် အောင်သုခပဌာန်းဓမ္မာရုံတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးခင်မောင်လွင်နှင့် ဇနီးဒေါ်မိုးစန္ဒာ မိသားစုမှရှင်အပါး(၃၅၀)ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲအား ကျင်းပလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားအား နမောတသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စုပေါင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ လောက်ကိုင်မြို့ မန်ချူးတပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္ဇောတိကဓဇ သာသနာဓမ္မာစရိယ သာသနာတက္ကသီလ ဓမ္မာစရိယ ဘဒ္ဒန္တဝေပုလ္လ ဆရာတော်ကြီးထံမှ ငါးပါးသီလဆောက်တည်ခံယူခဲ့ပြီး ပင့်သံဃာအရှင်သူမြတ်များမှ ပရိတ်တရာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ထို့နောက် အလှူရှင်မိသားစုမှ လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဦးစီးပဓာနနာယက ဆရာတော်ကြီးမှ ဩဝါဒကထာ တရားတော် ချီးမြှင့်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပူဇော်ကာ အခမ်းအနားအား ဗုဒ္ဓသာသဏံစိရံတိဌတု ရွတ်ဆိုကာရုတ်သိမ်းခဲ့သည်။ အဲဒီနောက် အလှူရှင်မိသားစုမှ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းကပ်လှူပူဇော်ကာ ရတနာရွှေမိုးငွေမိုးများရွာသွန်းပြီး ကြွရောက်လာသည့် ပရိတ်သတ်များအားနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ အဆိုပါအလှူပွဲအား ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စစ်ဘက်ဆိုင်ရာအရာရှိကြီးမျာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများသာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်၀န်ထမ်းများ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

စည်သူမောင်မောင်(ပြန်/ဆက်)