ကယားပြည်နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လွိုင်ကော်    ဇွန်  

ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများကို ဇွန်လ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ဆက်လက်ကျောင်းတက်ရောက်လျက်ရှိပြီး အဆိုပါကျောင်းများတွင် အသက် နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

ပြည်နယ်အတွင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဇွန် ရက်နေ့မှ စတင်ပြီး  ပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ရှားတော ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးတွင်  အခြေခံပညာကျောင်းများကို ဖွင့်လှစ်ခဲ့ရာ ယနေ့တွင်လည်း ကျောင်းသား ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများက ၎င်းတို့၏ သား သမီး၊  ကျောင်းသား ကျောင်းသူများ အားကျောင်းများသို့ စောင့်ရှောက် လိုက်ပါပို့ဆောင်ပေးလျက်ရှိကြပြီး ပညာရေးဌာနရှိ တာဝန်ရှိသူများနှင့် ဆရာ ဆရာမများက ကျောင်းဝင်းအတွင်း တွင်ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာကြိုတင် ကာကွယ်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားခွင့်နှင့် သင်ယူခွင့်ရရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘများကနေ့စဉ် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

ထို့အပြင် ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌လည်း အသက်()နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်၍ ကျောင်းသား မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ပညာရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သည့် နေ့များတွင်လည်း ထပ်မံ၍ လာရောက်ကျောင်းအပ်နှံသော ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကိုဇင်(လွိုင်ကော်)