ဘုတ်ပြင်း ဇွန် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကြီးကြပ်မှုဖြင့်(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၃.၁၂၆)သန်းဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စီးပွားဖြစ်(ဂျင်း/ခရု/ငါး)မွေးမြူ ထုတ်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးဝေက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ဘုတ်ပြင်းမြို့နယ် ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းခြင်း၊ မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစံမွှေးက သင်တန်းစာတွေ့/လက်တွေ့ ပို့ချဆောင်ရွက်မည့် အခန်းကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါသင်တန်းကို ဘုတ်ပြင်းမြို့နယ်အတွင်း သဲဖြူကျေးရွာနှင့် ရေငံတောင်ငယ် ကျေးရွာတို့မှ သင်တန်းသား၊သင်တန်းသူ(၃၀) ဦး တက်ရောက်ပြီး သင်တန်းတွင်စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာရက်သတ္တပတ် (၁)ပတ် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးမြောက်ပါက မိမိတို့ကျေးရွာရှိ ဒေသထွက်ကုန်များကို အလေအလွင့်မရှိစနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကာ မိသားစုဝင်ငွေများကို တစ်ဖက်တစ်လမ်းမှများစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)