ကဝ ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လုပ်ငန်းခွင်အကြို ဆရာ/ဆရာမများ မြို့နယ်အခြေပြုရက်တိုသင်တန်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က အခြေခံပညာအထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးလင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းခွင်အကြို မြို့နယ် အခြေပြုရက်တိုသင်တန်းကို နည်းပြ(၄)ဦးမှ ဦးဆောင်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပို့ချမှုများကို ဆရာ/ဆရာမများအနေဖြင့် ပြည့်စုံစွာ လေ့လာသင်ယူပြီး ကျောင်းသား/ ကျောင်းသူများအား ပြန်လည်သင်ကြားစေလိုကြောင်း ပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် လုပ်ငန်းခွင်အကြို မြို့နယ်အခြေပြုရက်တိုသင်တန်းကို ဇွန်လ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ စုစုပေါင်း(၄၃)ဦး တက်ရောက်သင်ကြားသင်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)