မိုင်းပန် ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ် အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိရာ ယနေ့မွန်လွဲ(၁)နာရီအချိန်က အ.လ.က (မွေတော်) ကျောင်းရှိ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနိုင်းလင်းထွန်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်စေရန်၊ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကျောင်းဖွင့်ချိန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူ(၂၀၀)ကျော်အား ကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)