ဒဂုံမြို့နယ်တွင်​ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ဆေး​ ထိုးနှံ​ပေး

ဒဂုံ ဇွန် ၇

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန့်နေ့ နံနက် ၀၉:၀၀ နာရီအချိန်မှ ၁၀:၄၀ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ သံတမန်လမ်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့သည်။

ထိုသို့​ကာကွယ်​ဆေးထိုးနှံ​ပေးရာတွင် ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ(၁၈)ဦး စုစုပေါင်း(၃၇)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးတစ်လုံးလျှင်(၅)ဦးနှုန်းဖြင့် (၃၇)ဦးအတွက် ဆေးအလုံးရေ(၈)လုံးအား ထိုးနှံပေးခဲ့​ကြကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးစဉ် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများပူး​ပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

​မေသန္တာ