ငါ့သရောက် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိက လုပ်ကိုင်ကြပြီး မိုးစတင်ရွာလာသည်နှင့် တောင်ယာလုပ်ငန်းများ စတင်လုပ်ကိုင်လာကျပြီ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပြောင်း၊ မိုးခရမ်ချဉ် စသည်တို့ကိုစိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။ ယခုအခါ သင်္ကြန်မတိုင်းမှီ မုန်တိုင်းနှင့်အတူ စတင်ရွာခဲ့သောမိုးသည် တောင်သူများအတွက် စိုက်ပျိုးရန်လုံလောက်သောအစိုဓာတ်ရရှိခဲ့၍ တောင်သူများဟာ နှမ်းများကိုစတင်စိုက်ပျိုးကြပြီး ယခုအခါနှမ်းများဟာ အထူးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ငါ့သရောက်မြို့မှာဆိုရင် ဆောင်းအကုန်နွေအကူးကာလများတွင် မိမိတို့စိုက်ပျိုးထားသောသီးနှံများ သိမ်းစည်းပြီးနောက်နောက်နှစ်မိုးကာလများအတွက် ကြိုတင်ပြီး မြေဆီမြေသြဇာများချကာ ထွန်ယက်ထားရှိပြီး၊ နောက်နှစ်မိုးကျသည်နှင့်တပြိုင်နှင့် စတင်စိုက်ပျိုးလေ့ရှိသည့်ဓလေ့ရှိသည်။ ယခုနှစ်တွင် မိုးစေားစီးစွာကျရောက်သောကြောင့် တောင်သူများဟာနှမ်များစတင်စိုက်ပျိုးကြပြီး ယခုအခါ အသီးအပွင့်များဝေဆာစွာဖူးပွင့်ကာ အထူးကောင်းမွန်လျက်ရှိသည်။ ယခုနှစ်အတွက် တောင်သူအများစု၏ ခန့်မှန်းချေ တစ်ဧက (ခြောက်ပြည်)ကျ တစ်ကွက်ကို နှမ်း (၁၅)တင်းမှ (၁၇)တင်း အထိ ထွက်မည်းဖြစ် ကြောင်း တောင်သူအများစုက ခန့်မှန်းထားကြသည်ဟု သိရသည်။ ယခုနှစ်မှာဆို နှမ်းခင်းအများစုဟာ ယခင်နှစ်များနဲ့မတူ အထူးကောင်းမွန်ပြီး တောင်သူများအားရကျေနှပ်ရသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း တောင်သူများထံမှသိရသည်။
ဖြိုးဝေ(ပြန်/ဆက်)