ပိုင်ကျုံမြို့၊ အ.ထ.က(ခွဲ)အထက် ပိုင်ကျုံကျောင်း၌ အသက်(၅)နှစ်နှင့်(၁၂)ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးပထမအကြိမ် ကွင်းဆင်းထိုးနှံ

ပိုင်ကျုံ  ဇွန် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅နှစ်မှအသက် ၁၂ နှစ်ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့်စိတ်‌‌အေး ချမ်းသာစွာပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကပိုင်ကျုံမြို့၊ အမှတ် (၅)ရပ်ကွက်၊အ..က(ခွဲ)ကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကိုအသက်(၅)နှစ်နှင့်(၁၂)ကြား ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဇွန် ၂ ရက်နေ့မှစတင်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံအ.ထ.ကကျောင်းတွင်(၁၃၀)ဦး၊ အ. .က ကစိုကျောင်းတွင်(၆၃၅)ဦး စုစုပေါင်း(၇၆၅)ဦးထိုးနှံပေးနိုင်ခဲ့ပြီး ယမန်နေ့တွင် အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်းတွင် ဆက် လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‌အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုးနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

 နော်ခူး(ပြန်/ဆက်)