စမ်းချောင်း ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်နှင့် အသက် ၁၁ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများကို Myancopharm ထိုးနှံခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိကျောင်းသား၊ ကျောင်းသူများ၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားကျောင်းပြင်ပ လူငယ်များ၊ အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်ပြည်သူများအား ဆေးထိုးစုရပ် အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း