ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ပလောက် ဇွန် ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဝဥအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်အကြောင်းကို ပြောကြားပြီး  စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက မြေလွတ်မြေလပ်မြေရိုင်း များတွင် ဝဥစိုက်ပျိုးခြင်းသည် အကျိုးအမြတ်များ၍ စိုက်ပျိုးထုတ်လုပ်ရန်သင့်တော်သော သီးနှံဖြစ်ကြောင်းနှင့် ဝဥအသုံးဝင်ပုံ၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်များရှိသည့်အကြောင်း၊ အပင်စိုက်ပျိုးရန်နည်းစနစ်များအကြောင်း၊ ဝဥစိုက်ပျိုးခြင်းဆိုင်ရာသိကောင်းစရာများအကြောင်းကို We love Plauk page တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်းနှင့် အခါအားလျော်စွာ အသိပညာပေး Talk Show များကို တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်