ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ညောင်ဦး  ဇွန်   ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊(Community Centre )ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျောင်းသား၊ ကျောင်းသူများ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ကျောင်းသား/သူ လူငယ်၊ လူရွယ်များ အနုပညာရပ် တစ်မျိုးမျိုးထဲမှ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပေးရခြင်းနှင့် ဉာဏ်ရည်ကွန့်မြူးကာ စာအုပ်စာပေများ လေ့လာဖတ်ရှုသည့်အလေ့အကျင့်မှသည် ကဗျာရွတ်ဆိုရာတွင် ဋ္ဌာန်ကရိန်းကျကျ ရွတ်ဆိုတတ်စေရန်ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်းအမှာစကား ပြောကြားသည်။ ပြီးနောက် ကျောင်းသား/သူ လူငယ်မောင်မယ်များအား ကဗျာရွတ်ယှဉ်ပြိုင်စေသည်။ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား အမှတ်တရ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကိုအမှတ်တရလက် ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ