လောင်းလုံး ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် တောင်သူများကိုကိုးပင်ကို ကွမ်းပင်ကြားတွင် ကြားညှပ်စိုက်ပျိုးခြင်းဖြင့် ကိုးသီးဝင်ငွေအပြင် အပိုဝင်ငွေအဖြစ်ရရှိစေရန် ကိုကိုးပင်များကို စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့၊ (က)ရပ်ကွက်နေ ဦးသီးညွှန့်ကွမ်းခြံ၌ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုကိုးပင်သည် အထက်မြန်မာပြည်တွင်သာ စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင်စိုက်ပျိုးမှု အနည်းငယ်ရှိသည်။ ယခုအခါတွင် လောင်းလုံးမြို့နယ်မှ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ရွက်၍ စတင်စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး ကိုကိုးပင်ကို စိုက်ပျိုးရာ၌ အပင်မှအသီးရှိ မျို့စေ့ကိုယူ၍ ပျိုးပင်များပျိုးရသည်။ အစေ့မှပျိုးပင်များပျိုးရာတွင် အချိန်(၈)လခန့်ကြာပါသည်။ (၈) လအရွယ်ပျိုးပင်မှ မိုးဦးကာလဖြစ်သည့် မေလနှင့် ဇွန်လတွင် စတင်စိုက်ပျိုးရခြင်းဖြစ်ပြီး (၃)နှစ်အကြာတွင် စတင်အသီးသီး၍ (၄)လ နှင့်( ၆ )လအကြာတွင် အချဉ်ဖောက်၍ အစေ့ကိုယူပြီး ချောက်ကလက်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုကိုးပင်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးတွင်ထွက်ရှိသော ကိုကိုးသည် အရည်အသွေးပို၍ ကောင်းမွန်ကြောင်းနှင့် ၎င်းအား ကွမ်းသီးပင်ကြားတွင် ကြားညှပ်စိုပ်ပျိုးရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိန်းသိန်း(လောင်းလုံး)