သတင်းများ

ပိုင်ကျုံမြို့၊ အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ကွင်းဆင်းထိုးနှံ
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်အေး ချမ်းသာစွာပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်၌ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ကျောင်း သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကြက်သွန်ခင်း ၂ တွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကျောက်ဖြူကျောက်တစ်လုံး IDPs စခန်း ပိတ်သိမ်းရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
Jun 07,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ကျောက်ဖြူကျောက်တစ်လုံး IDPs စခန်း ပိတ်သိမ်းရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်း ဆောင်ရွက် ကြသည်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဒီရေတောစိုက်ပျိုးပွဲ ခရမ်းမြို့နယ်၌ကျင်းပ
Jun 07,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရေကျော်-ဘိုကလေး ဒီရေတော ကြိုးပြင်ကာကွယ်တောအတွင်း ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 07,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပပြုလုပ်သည်။
ငွေသဇင်ဖောင်ဒေးရှင်း ပထမအကြိမ် စာပေဆုချီးမြှင့်ပွဲ ကျင်းပ
Jun 07,2022
ရခိုင်ပြည်နယ်၊ ဒွါရာဝတီ သံတွဲမြို့ ငွေသဇင်ဖေါင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် ပထမအကြိမ် ငွေသဇင်စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက သံတွဲမြို့ အောင်မြေသာစည် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရင်းဘိုင်းကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို တာဝန်ရှိသူတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့တက်ရောက်၊ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာအုပ်စု နွေနှမ်းစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအား ကြည်ရှုအားပေး
Jun 07,2022
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတည်ရှိရာ မန်းရွှေစက်တော်(၈)မိုင် အဝင်လမ်းအား သဘာဝရှုမျှော်ခင်းနှင့် မျက်စိပသာဒဖြစ်စေရေး၊ လမ်းဘေးဝဲယာ အရိပ်ရ၍ စိမ်းလန်းစိုပြေစေရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် အပူဒဏ်မှ ကာကွယ်နိုင်ရန်နှင့် ရာသီဥတု ပြောင်းလဲမှုအား လျော့နည်းသက်သာစေရေး၊ အများပြည်သူတို့မှ သစ်တောသစ်ပင်များ၏ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများအား သိမြင်နိုင်စေရန် ရည်ရွယ်၍ ရွှေစက်တော်ဒေသ စိမ်းလန်းစိုပြေစေရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပွဲကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲသို့ တက်ရောက်၍ ယခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးမည့် ခရေ၊ ရေတမာ၊ မယ်ဇယ်၊ သပြေဘူတ၊ ဖျောက်ဆိပ်၊ ယင်းမာနှင့်တမာ စသည့် သစ်ပင် ပေါင်း(၅၀၀)အား မန်းရွှေစက်တော်(၈)မိုင်လမ်း ဆင်စခန်းအနီး မြေကွက်လပ်တွင် စုပေါင်း စိုက်ပျိုးခဲ့ကြသည်။