သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများ အတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့
Jun 07,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနမှ KNU/KNLA(PC) ဌာနချုပ်ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆောင်ရွက်
Jun 07,2022
ခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍
ရွှေကျင်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့နယ်တွင် သက်မွေးပညာရပ် ဂဟေဆက်နည်း သင်တန်းဖွင့်လှစ်
Jun 07,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီး ပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဂဟေဆက်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ဘားအံ)ခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Jun 07,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် အထက(၄)ကျောင်းလမ်း (မြို့ပတ်လမ်း)တို့ကို ချိတ်ဆက်သော အရှည် ၁၃၄၇ ပေ၊ အကျယ် ပေ(၅၀) မြေသားလမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့်တာဝန်ရှိသူများက မြေသားလမ်းသစ်ဖောက်လုပ်ပြီးစီးမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ အဆိုပါလမ်းကို ၂၄ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲ မုံရွာမြို့၌ ကျင်းပ
Jun 07,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မုံရွာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့် ဝန်ထမ်းများ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်လုပ်ကိုင်နေကြသော သင်တန်းသူ (၂၉)ဦး တက်ရောက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေး
Jun 07,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင် တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိ လာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်ပြီးရပ်ကွက်များအတွင်းသို့ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတရသစာအုပ်စာစောင်များအား စနစ်တကျငှား ရမ်းပေးလျက်ရှိကြောင်းသိရသည်။
ဒေါပုံမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထထမအကြိမ် ဆက်လက်ထိုးနှံပေး
Jun 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁ဝး၀၀) နာရီကစ၍ အမှတ်(၆)အခြေခံပညာ မူလတန်း‌ကျောင်း၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။