မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မန္တလေး ဇွန် ၇

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးငယ်များ အနုပညာကို စိတ်ဝင်စားစေရန်၊ အရောင်ရွေးချယ်တတ်စေရန်၊ တီထွင်ကြံဆတတ်သည့် စိတ်ကူးဉာဏ် ရင့်သန်စေရန်အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ရှင်းလင်းပြီး ပြိုင်ပွဲဝင်စည်းကမ်းများကို ဆက်လက် ဆွေးနွေးခဲ့ပြီး ပြိုင်ပွဲဝင် (၁၀) ဦးပါဝင် ယှဉ်ပြိုင်ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)