ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ပုံမှန်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇွန်  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဇွန် ၁၀ရက်၊ ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့် ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ညောင်ဦးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသောစက်သုံးဆီ အရောင်းဆိုင်များအား သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့်ပုံမှန် ဖွင့်လှစ်ရောင်းချနိုင်ရေးကြိုပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများသတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုပဲ၊ အချင်အတွယ်မှန်ကန်စွာရောင်းချရေး ၊မီးဘေးလုံခြုံရေး အထူးသတိပြုလိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့က စက်သုံးဆီဆိုင်များအလိုက် ဆီပြတ်လပ်မှုမဖြစ် ပေါ်စေရေး ၊ဆီသိုလှောင်ထားရှိမှုအခြေအနေ၊မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဒေသတွင်းပြည်သူများစက်သုံးဆီ အဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံး ဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေးအလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ကိုကြေးမုံ