သတင်းများ

ငပုတောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster)ထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့ သွားရောက်ကြည့်ရှု
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ငပုတောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ငပုတောမြို့ နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံပေးနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးတို့ သွားရောက်ကြည့်ရှု့ခဲ့သည်။
တောင်သာမြို့၌ မိုးရာသီ တိရစာ္ဆန်အစာပင် နေဗီယာမြက်မျိုးစိုက်ပျိုး
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ပန်တောရွာတွင် ယနေ့နံနက် (၉) နာရီအချိန်က မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုး စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ကံမမြို့နယ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Jun 21,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၃၂ ဦး ဆက်လက်ဝင်ရောက်
Jun 21,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၁၃၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပေါ်ဦးပေါ်စ နှမ်းဖြူတစ်တင်း ငွေကျပ် ၅၇၀၀၀ နှုန်း ရောင်းချရ၍ တောင်သူများအဆင်ပြေ
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ  မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ သိမ်းဆည်းလျက်ရှိရာ ပေါ်ဦးပေါ်စ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၅၇၀၀၀ နှုန်းဖြင့် ရောင်းချရ၍ ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
လိပ်သိုဒေသထွက် တညင်းသီးများ စတင်ဆွတ်ခူးရောင်းဝယ်
Jun 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာများတွင် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သော တညင်းသီးများကို စတင်ဆွတ်ခူး ရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါ (၄၂၁၅) ဧကကျော်  လျာထားစိုက်ပျိုးမည်
Jun 21,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ်  စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို  စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ်တွင် တံတားဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ (၄၂၁၅) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဘုတ်ပြင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် ဒီရေတောပျိုးပင်များ စုပေါင်းစိုက်ပျိုး
Jun 21,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့ အထိမ်းအမှတ် ဒီရေတောပျိုးပင်များစုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု ကမာချောင်းကျေးရွာရှိ ပင်လယ်ကမ်းခြေအနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။