တောင်သာ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ပန်တောရွာတွင် ယနေ့နံနက် (၉) နာရီအချိန်က မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုး စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါ နေဗီယာမြက်မျိုးစိုက်ပျိုးရာတွင် လက်ပန်တောကျေးရွာ ဦးကျော်စိန်၏ ယာခင်း (၁) ဧကတွင် စိုက်ပျိုးတာဖြစ်ပြီး ယင်းစိုက်ပျိုးပွဲသို့ မြင်းခြံခရိုင်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးကျော်နိုင်၊ တောင်သာမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန ဒုတိယဦးစီးမှူး ဒေါက်တာသဇင်ခိုင်ဝင်း၊ လက်ပန်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၊ လက်ပန်တော တောင်သူများတက်ရောက်၍ နေဗီယာမြက်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ယင်းနေဗီယာမြက် (၁) ဧက စိုက်ပျိုးရာတွင် စိုက်ပျိုးပင် (၄၀၀၀) စိုက်ပျိုးတာဖြစ်ပြီး စုစုပေါင်း ငွေကျပ် (၄) သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)