ငပုတောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster)ထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့ သွားရောက်ကြည့်ရှု

ငပုတော ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ငပုတောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ငပုတောမြို့ နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံပေးနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးတို့ သွားရောက်ကြည့်ရှု့ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်တို့သည် ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးထိုးပြီးသော ကဒ်ပြားများအား သေချာစွာသိမ်းဆည်းရန်၊ ခရီးသွားလာပါက မိမိနှင့်အတူ တစ်ပါးတည်း ယူဆောင်သွားရန်နှင့်၊ ဆေးထိုးရန် ကျန်ရှိနေသေးသော ပြည်သူများကို လည်း လာရောက်ထိုးနှံကြရန် တိုက်တွန်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံသူအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

ငပုတောမြို့နယ် ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ဖျန်ရေကျော်ကျေးရွာ၊ သက္ကယ်ချောင်းကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ ဝက်ဆူကျေးရွားမှ ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံသူ စုစုပေါင်း (၂၃၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်သူ(ပြန်/ဆက်)