ကံမမြို့နယ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

ကံမ ဇွန် ၂၁                    

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ကံမမြို့နယ်တွင်   မြို့ပြပင်စင် (၆၂၃) ဦး၊ ကာကွယ်ရေး ပင်စင် (၁၃၆) ဦး၊ နိုင်ငံရေးပင်စင် (၉၆)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား (၈) ဦး စုစုပေါင်း  ပင်စင်စား (၈၆၃) ဦးရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)