ပဲခူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်
May 12,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး ရေးသားထားသည့် “ လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။