သတင်းများ

“အမျိုးသမီးများအပေါ်ကာကွယ်ပေးထားသော ဥပဒေများနှင့် ပတ်သက်သည့်အသိပညာပေး” ဟောပြောပွဲ ကျင်းပ
May 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရောင်နီဦး စာကြည့်တိုက်တွင် “အမျိုးသမီးများအပေါ်ကာကွယ်ပေးထားသော ဥပဒေများနှင့် ပတ်သက်သည့် အသိပညာပေး” ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ၂၀၂၂-၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက် ဘစီးတီး)၊ ၂၀၂၂-၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုမိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို  ယနေ့နံနက်  ၉ နာရီက  ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး )၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို(ပထမနှစ်) ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
May 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (ဘားအံ)၏ ဘွဲ့ကြို(ပထမနှစ်) ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက နည်းပညာတက္ကသိုလ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နမ့်စန်မြို့တွင် Book Club အဖွဲ့၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်  စာဖတ်ဝိုင်း ဆောင်ရွက်
May 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ် စာပေဝါသနာရှင်များအသင်း (Book Club) ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ယနေ့နေ့လည် ၂ နာရီ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ် ကံဘေးအိုင်ကျေးရွာတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်း ပြုလုပ်
May 12,2022
ရွှေကျင်မြို့နယ်၊ ကံဘေးအိုင်ကျေးရွာတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား
May 12,2022
၂၀၂၂ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံဖွင့်လှစ်လျက်ရှိရာ ပဲခူးတက္ကသိုလ်၌ ယနေ့ နံနက် ၉ နာရီက ပထမဆုံး ကျောင်းစဖွင့်သည့်ရက်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်နေကြောင်း သိရသည်။
ပဲခူးမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏(၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်း အစည်းအဝေးကျင်းပ
May 12,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သမဝါယမအသင်းစု လီမိတက်၏(၂၀၂၀-၂၀၂၂) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ် တင်မြှောက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဝင်း ရှင်စောပုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေး မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ MIIT Auditorium Hall ၌ ယနေ့နံနက် (၉)နာရီက ဘွဲ့ကြို (ပထမနှစ်)ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။