သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန၌ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သံဖြူဇရပ် ဇွန်  ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး “ ကြက်ခြေနီအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk. Show) ကို ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက ဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီသူနာ​တပ်ဖွဲ့မှူး ဦးစိုးမင်းက ကြက်ခြေနီ စတင်ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူများဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်နှင့် လုပ်ငန်းစဉ်ဖြစ်သည့် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေး တားဆီးရန်၊ ဘေးဒုက္ခကျရောက်သူများအား ကူညီစောက်ရှေက်ရန် စသည့် ရည်ရွယ်ချက် နှင့်လုပ်ငန်းစဉ်(၃)ရပ်ကို ဆွေးနွေးသည်။

ထို့နောက် ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက ပြည်သူ့အကျိုးပြုလုပ်ငန်း ၃ ချက်နှင့်အညီ ကိုဗစ်ကာလ ဆောင်ရွက်နေမှုအခြေအနေများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီဆောင်​ရွက်ပေးနေမှုအခြေအနေများ၊ လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ စသည့် အကြောင်းအရာများကိုဆွေးနွေးပြီး၊ ပြည်သူများ အမှန်တကယ်လိုအပ်၍ ကြက်ခြေနီတပ်ဖွဲ့ကို အကူအညီတောင်းခံလာပါက ဆက်သွယ်ဆောင်ရွက်ရမည့်နည်း လမ်းများကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးမှ  ဖြည့်စွက်ဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း ပြည်သူ့အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့် Talk Show ဆွေးနွေးပွဲများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)