ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ဗိုလ်တထောင် ဇွန် ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် ယနေ့ နံနက် ၁ဝ နာရီက အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး (Talk Show ) ကျင်းပပြု လုပ်ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး (Talk Show) တွင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်က အမျိုးသမီးများ အကြမ်းဖက်မှုမှကာကွယ်နိုင်ရန် ပြည်သူများသိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ဆရာမ ဒေါ်ဇင်ဇင်မော်က အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေးနှင့်ပက်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆရာမ ဒေါ်ဇင်ဇင်မော်က ဆွေးနွေးရာတွင် အပြောအဆိုသတိထားရန်၊ တစ်ဦးနှင့် တစ်ဦးငဲ့ညှာလျှင် အိမ်တွင်းအေးချမ်းကြောင်း၊ မိသားစုတွင် အမျိုးသမီးများက အပင်ပန်းဆုံးဖြစ်ကြောင်း၊ အမျိုးသားထုကလည်း မိမိဇနီးအပေါ်တန်ဖိုးထားရန်၊ ဇနီးကလည်း ခင်ပွန်းအပေါ် လေးစားစွာဆက်ဆံရန်၊ အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်အောင် မိမိကိုယ်တိုင် သင်ယူကြရန်လိုကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုကစ၍ ခိုး၊ ဆိုး၊ လုနှိုက်အကြမ်းဖက်မှုများ ဖြစ်ပွားကြကြောင်း၊ ပတ်ဝန်းကျင်လည်း ကောင်းရန်လိုကြောင်း၊ ဒေါသကိုမထိန်းနိုင်၍ကာယနဲ့ ညှင်းဆဲခြင်း၊ နှုတ်ဖြင့်ညှင်း ဆဲခြင်းများဖြစ်ပေါ်ကြောင်း၊ ဒေါသကိုထိန်းရန်နှင့် သူတင်းနေလျှင် ကိုယ်ကလျော့ရန်၊ မေတ္တာကို လက်ကိုင်ထားခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ အမျိုးသမီးများအတွက် အသိပညာပေးကို ပြည်သူများသိရှိနိုင်ရန် အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)