နယ်စပ်ရေးရာဝန်ကြီးဌာန သင်တန်းကျောင်းများ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မင်းပြား ဇွန်  ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းမင်းပြားမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ နွေရာသီတွင် အရိပ်ရရှိရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၉ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းများတွင် တပြိုင်နက်ကျင်းပပြုလုပ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  မြောက်ဦးခရိုင်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးလှထွန်း၊ မင်းပြားမြို့ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုးနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းအုပ်ကြီး ဒေါ်ဇင်မီမီစံတို့အား မင်းပြားမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးသိန်းသန်းထိုက်က ရတနာတန်းဝင် ကျွန်းသစ်ပင်(၁၀၀)၊ အရိပ်ရလေကာပင်သပြေပင်(၁၀၀)အား အဆိုပါသစ်ပင် စိုက်ပျိုးမည့်နေရာများ၌ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြေက်ဦးခရိုင်ဦးစီးမှူး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးလှထွန်းနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊  အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဒုကျောင်းအုပ်များ၊ သင်တန်းနည်းပြများ၊  ကျောင်းသား/ ကျောင်းသူများ၊ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ်(၃)မှ သင်တန်းသူများက  ရတနာတန်းဝင် ကျွန်းသစ်ပင်နှင့် အရိပ်ရလေကာပင်သပြေပင်များအား ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

သိန်းနုအောင် (ပြန်/ဆက်)