ပိုင်ကျုံ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးများ ကာယဉာဏ်ဏဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိစေပြီး စာဖတ်စွမ်းရည်မြှင့်မားစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ပြိုင်ပွဲများ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ကလေးငယ်များအနေဖြင့် ကာယဉာဏ်ဏနှင့်ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်နှင့် ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကလေးငယ်များအား အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ခုံလုတမ်းပြိုင်ပွဲနှင့် ချဲ့ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ကလေးငယ်များက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များအား အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
နော်ခူး(ပြန်/ဆက်)