ရေး ဇွန် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရေးမြို့နယ်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ၊ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးသက်နိုင်မှ မီးဘေးအန္တရာယ်ဖြစ်ပွားပါက လုပ် ဆောင်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစပွားပါက လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များကို ဟောပြောခဲ့ပြီး မီးသတ်လုပ်ငန်းသုံး စက်ကိရိယာများ၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံများကို လက်တွေ့ရှင်းလင်းပြသခြင်း၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်နည်းများကို လက်တွေ့သရုပ်ပြ ခဲ့ကြသည်။
အဆိုပါဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူ (၃၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေး (ပြန်/ဆက်)