နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဈေးရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး အဘွားများကို နိုင်ငံတော်မှ (၃)လလျှင် တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန့်စင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ တို့ပူးပေါင်း၍ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို သက်ကြီး ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၊ ဈေးရပ်ကွက်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေ အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၉) ဦးရှိကြောင်း သိရပြီး အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၂၂ ခုနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) ပထမသုံးလပတ် လူမှုရေးပင်စင် ငွေထောက်ပံ့မှုအနေဖြင့် နတ်မောက်မြို့နယ် သက်ကြီးဘိုးဘွားဦးရေ(၁၂၄၆) ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၃၇၃.၈) သိန်း ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
လှဝင်း