၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

သံတွဲ  ဇွန် ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၃၈၃ ခုနှစ်မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး အတွက် ပါဝင်ကူညီခဲ့သူများအား မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသည့် ဂုဏ်ပြု ချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အဖွင့်အမှာစကား ပြောကြားပြီး သံတွဲမြို့ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဌ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှဟန်က ဘဏ္ဍာငွေ ရရှိ/သုံးစွဲမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် တာဝန်ရှိသူများက ၁၃၈၃ ခုနှစ်  မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သည့် အလှူရှင် (၆၁)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်များကိုယ်စား မြို့မိမြို့ဖ ဦးဖိုးရီအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်