ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ (ICM) ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍  (ICM) Integrated Coastal Resource Management ဘက်စုံကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု သစ်ပင်စိုက်ပျိုးပွဲ ယမန်နေ့ နံနက်ပိုင်းက ချောင်းသာမြို့၊ ဥတိုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထင်လတ်က ဒီရေတောစိုက်ပျိုးခြင်း ဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဥတိုကျေးရွာ ဒီရေတော နေရာတွင် ဖြစ်ထွန်းသည့် ဗျူးဗိုင်းတောင့်(၄၀၀)ပင်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ​ဦးကျော်ထင်လတ်မှ ဦးဆောင်၍ သစ်တောဝန်ထမ်း များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် လူမှုရေး အသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်