မိုးညိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

မိုးညို ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများ၊ “မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့် သည့် အချက်များအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ယမန်နေ့က ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ဝင်ရောက်ယှဉ်ပြိုင်သူများအား ဒေါ်စန္ဒာလင်းက ဆုငွေနှင့် ဗလာစာအုပ်များ အမှတ်တရ လက်ဆောင်ချီးမြှင့်ပြီး တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ကိုမင်း (မိုးညို)