ပုသိမ်ကြီးမြို့နယ် မြို့ဝင်မြို့ထွက်နေရာများတွင် အရိပ်ရသစ်ပင်များစိုက်ပျိုး

ပုသိမ်ကြီး ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့ဝင်/မြို့ထွက် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းကို ပုသိမ်ကြီးမြို့နယ်တွင် ယနေ့နံနက် ၇ နာရီခွဲက မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင်အမှတ် (၆)မိုင်(၁)ဖာလုံနှင့် (၇)မိုင် (၁)ဖာလုံကြားတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူအများ ပူးပေါင်း၍ ကားလမ်း ဘေးဝဲယာ တလျောက်တွင်ရာသီဥတုနှင့် ကိုက်ညီသည့် စိန်ပန်းပင်ပေါင်း (၁၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်