သတင်းများ

မင်းလှမြို့၌‌ မွေးမြူရေးဆောင်ရွက်ရာတွင် စနစ်တကျမွေးမြူနိုင်ရေးနှင့် စိုက်ပျိုးရေး နည်းစနစ်များဆိုင်ရာ ပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးဆောင်ရွက်ရာ၌ စနစ်တကျမွေမြူနိုင်ရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်ဦးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကျင်းပခဲ့သည်။
စမ်းချောင်းမြို့နယ်၌ ဆက်သွယ်‌ရေးကုမ္ပဏီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မြို့နယ်အဆင့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ ဆက်သွယ်ရေးကုမဏီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းကို အဆင်ပြေစွာ သွားလာနိုင်ရန် ဒေသခံပြည်သူများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ်
Jan 18,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ဇန်နဝါရီ ၁၇ ရက်နေ့က ရပ်ကွက်‌နေပြည်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တွင် မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ ကျင်းပ
Jan 18,2025
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တွင် မြန်မာ့ရိုးရာ (အခြေခံ၊ အဆင့်မြင့်) သိုင်းပညာသင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးနည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားများ ကျင်းပ
Jan 18,2025
မန္တလေးနည်းပညာတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ် စုဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးနည်းပညာ တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဝါးရခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ငပုတောမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် မဟာရာဇာမုနိအောင်တော်မူစေတီတော်မြတ်ကြီး၏ ‌ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဥယျာဉ်ကုန်းရပ်ကွက်အတွင်း အသစ်ပြန်လည် တည်ထားကိုးကွယ်တော် မူ‌အပ်သော ရှေးဟောင်းသမိုင်းဝင် မဟာရာဇာမုနိအောင်တော်မူစေတီတော်မြတ်ကြီး၏ ‌ဌာပနာတော် သွင်းလှူပူဇော်ခြင်းမဟာမင်္ဂလာ အခမ်း အနားကို ယ‌မန်နေ့နံနက်ပိုင်းက အဆိုပါ ဘုရားရင်ပြင်ရှိ မဟာမင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယ​နေ့ မွန်းလွဲပိုင်း ကွင်းဆင်းစစ်ဆေးကြည့်ရှုကြသည်။