ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jun 20,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာအုပ်စာပေ ဝါသနာရှင်များအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင် ) ရေးသားထားသော “မမဆိုသောသမီးကြီး” စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။