သတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာ၀န်ကြီး  ကဆန်ချောင်းရေတိုက်စားမှု ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 19,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာ၀န်ခံ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦး တိန့်ဆောင်သည်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၇)ရက်က နောင်မွန်းမြို့နယ်အတွင်းရှိ ကဆန်ချောင်းရေတိုက်စားမှု အ‌ခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။
သူနာပြုသိပ္ပံဘွဲ့ (၅/၂၀၂၂ )သင်တန်း ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
Jun 19,2022
မန္တလေးတိုင်း‌ဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၅လမ်းနှင့်၁၀၆လမ်းကြား၊ ၆၂ လမ်းရှိ သူနာပြုတက္ကသိုလ် (မန္တလေး) ပထမနှစ်သူနာပြုသိပ္ပံဘွဲ့ (၅/၂၀၂၂) သင်တန်းကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ မုခ်ဦးသစ်ကြီးဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ စီစဉ်ကျင်းပသော ကျောင်းတိုက် မုခ်ဦးသစ်ကြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇နာရီ ၁၅မိနစ် အချိန်က ကျောင်းတိုက်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ လယ်ယာကဏ္ဍတွင် စက်မှုလယ်ယာစနစ် ပြည့်ဝစွာ ပြောင်းလဲရန် ရည်ရွယ်၍ လက်ကိုင်ရှည်လက်တွန်းထွန်စက်တွင် လူထိုင်စီးပြီး သမန်းမွှေခြင်း သရုပ်ပြပွဲအားကျင်းပ
Jun 19,2022
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများမိုးစပါးဖွံဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် လက်ကိုင်းရှည်ကိရိယာတွင် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးတောင်သူ ဦးမျိုးမြင့်အောင်၏ လယ်၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့်ကျင်းပသည့် “Service Quality Vs Hotel Industry” အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
Jun 19,2022
မကွေးတိုင်း‌ဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏စီစဉ်မှုဖြင့် ကျင်းပသည့် “Service Quality Vs Hotel Industry” အလုပ်ရုပ်ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ၁နာရီ အချိန်က မကွေးမြို့ My River View Hotel တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မြန်မာနိုင်ငံဟော်တယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မကွေးဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးရာသီတွင်မျိုးစပါးများ ဆားရည်စိမ်ခြင်းနည်းပညာနှင့်​ ဘောင်ပျိုးစနှစ်ဖြင့်ပျိုး​​ထောင်ခြင်း တောင်သူပညာပေးကွင်းလက်တွေ့ပြသ
Jun 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကော့နွဲကျေးရွာ အကျိုးဆောင်တောင်သူဦးဖုန်းမြင့်၏ လယ်မြေ၌တောင်သူများအား မျိုးစပါးဆား​ရည်စိမ်ခြင်းနည်းပညာနှင့် ​ဘောင်ပျိုးစနစ်ဖြင့်ပျိုး​​​ထောင်ခြင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ
Jun 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဇွန်လ ၁၇ ရက်နေ့နေ့လယ် ၁ နာရီအချိန်ခန့်က ဟိုင်းကြီးကျွန်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်း သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြင်စလူမြို့၌ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးနည်း အကြောင်း အသိပညာပေး Talk show ဆွေးနွေးပွဲကျင်းပ
Jun 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီ အချိန်က သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် စိုက်ပျိုးနည်းအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။