သတင်းများ

ကန်ကြီးထောင့်မြို့  အ.ထ.ကတွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ယမန်နေ့  နေ့လယ် ၁ နာရီအချိန်က  လူငယ်နှင့် အားကစားဆိုင်ရာ  အသိပညာပေးဟောပြောပွဲနှင့် သရုပ် ပြပွဲ  ကျင်းပခဲ့သည်။
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်
May 12,2022
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂)ကို ယမန်နေ့ ညနေ ၃ နာရီတွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ စီးပွားရေးရာဝန်ကြီး ရုံးခန်း၌ ကျင်းပရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကားပြောကြားသည်။
ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် အသိပညာပေးဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
မချမ်းဘော့မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းတက်နေမှုကွင်းဆင်းကြည့်ရှုခြင်းနှင့် ထောက်ပံ့ပစ္စည်း လှူဒါန်းခြင်း ဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေမှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လုံခြုံရေးဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ဝါးရုံချောင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်း
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဝါးရုံချောင်းကျေးရွာအုပ်စု  ကြာအင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းအား (၃)နှစ်ပြည့်ပြီး ဖြစ်သောကြောင့် ကျေးရွာကော်မတီ အသစ်ပြန်လည်ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေကိုချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် မြင့်မားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ပွဲ ကျင်းပ
May 12,2022
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် ရုံးတွင်းအန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ပွဲကို  ယနေ့နံနက် ၁၀နာရီက အဆိုပါရုံးအဆောက်အအုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။