ညောင်လေးပင် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်း ရာသီနှစ်အတွက် (တတိယ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က အင်း / တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ညောင်လေးပင်မြို့နယ်အတွင်းရှိ ဂရန်အင်း (၁၁) အင်းနှင့် ကျောက်တံခါး မြို့နယ်အတွင်းရှိ ဂရန်အင်း (၅) အင်းအား (တတိယ) အကြိမ် လေလံတင်ရောင်းချရာ ကြမ်းခင်းစျေး မကိုက်ညီသဖြင့် ရောင်းချခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့နောက် တင်ဒါချက်များအား ဆက်လက်ရောင်းချရာ တင်ဒါချက် (၁၆) ချက်မှ တင်ဒါ (၂) ချက် ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်ပြန်ဆက်