သတင်းများ

မြောင်းမြမြို့ အ.ထ.က(၃)ကျောင်း၊ အ.မ.က(ကြာဖူးငုံ) ကျောင်းနှင့် ကုမုဒြာစာကြည့်တိုက်သို့ Mobile Library  Bus ဖြင့်  စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library  Bus) ဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံမှာကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ညှိနှိုင်းအစည
May 12,2022
ကချင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စု/ ပြည်နယ်ဘဏ္ဍာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် ဌာနဆိုင်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
သာပေါင်းမြို့နယ်တွင် လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် (ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းဝေး အမှတ်စဉ် (၃/၂၂) ကျင်းပပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းဝေး (၃/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂ခုနှစ် မိုးရာသီအတွက် လူထုဖြန့်ပျိုးပင်များ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက အခမဲ့ဖြန့်ဝေပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီအတွက်  လူထုဖြန့်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ နံနက်က မျှင်ဝါးတောင်ဘိနယ် လူထုဖြန့်ပျိုးဥယျာဉ်မှ အ.ထ.က(ခွဲ) မျှင်ဝါးတောင်သို့ ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပြည်နယ်နှင့် တိုင်း‌ဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းကိုယ်စားပြု ရိုးရာခြင်းလုံး တိုက်ကွမ်ဒိုနှင့် ဘော်လီဘောအသင်းများ၏ သရုပ်ပြပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
May 12,2022
ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းကိုယ်စား ပြု ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ယမန်နေ့ နံနက် ၉ နာရီအချိန်က ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင်  အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တေဇာသီရိခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပြုလုပ်ခဲ့သည်။