သတင်းများ

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် သစ်စိမ်းစိုက်ပျိုးရေးကွင်းဆင်း ဆောင်ရွက်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှမြေဆီလွှာဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်စိုက်ပျိုးရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက (၃၅) ဧကစိုက်ခင်းများအား မေလမှစတင်ပြီး အကျိုးဆောင်တောင်သူများ၊ ဝန်ထမ်းများနှင့်အတူ စိုက်ပျိုးရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁/၂၀၂၂) ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 21,2022
ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးသင်တန်း(၁/၂၀၂၂)ကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ် မောတောင်မြို့-မြို့မဈေးအတွင်း ခြင်ပေါက်ဖွားမှုမရှိစေရေး ခြင်ဆေးဖျန်းပေးခြင်းဆောင်ရွက်
Jun 21,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ်မြို့ဖြစ်သည့် မောတောင် မြို့-မြို့မဈေးအတွင်း ခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှု မရှိစေရေးနှင့် မိုးဦးကျကာလ ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကြီးကြပ် ၍ ယမန်နေ့ ညနေ ၄နာရီ ဈေးသိမ်းအချိန် တွင် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် သရက်ပင် (အရှေ့) ကျေးရွာတွင် Cash For Work စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင် (အရှေ့) ကျေးရွာတွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းများကို ယမန်နေ့က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း​ဒေသကြီးအစိုးအဖွဲ့မှ ဝန်ကြီးများသည် မိတ္ထီလာခရိုင် မိတ္ထီလာမြို့ Center (4)e-ID Solftware ရိုက်သွင်းပြီးစီးမှု ကျွမ်းကျင်ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်ချီးမြှင့်
Jun 21,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့ Center (4)e-ID Solftware ရိုက်သွင်းပြီးစီးမှု ကျွမ်းကျင်ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲပိုင်းက မိတ္ထီလာမြို့ တပ်မ ၉၉ ရှိ ဌာနချုပ်ခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်း​ဒေသကြီးအစိုးအဖွဲ့မှ ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jun 21,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ(၁၀)ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jun 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီကစ၍ စစ်ပင်တောင်အောက်ကျောင်းရပ်ကွက်ရှိ အမှတ် (၁၃) အခြေခံပညာ မူလတန်းကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်‌ဆေး Sinopharm အား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း​ဒေသကြီးအစိုးအဖွဲ့မှ ဝန်ကြီးများ မိတ္ထီလာမြို့နယ်အတွင်းရှိ တက္ကသိုလ်များမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ
Jun 21,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများသည် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ကူညီပံ့ပိုးနိုင်ရန် မိတ္ထီလာတက္ကသိုလ်မှ ဆရာဆရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမများတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။