သတင်းများ

အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံမှုများ ကြည့်ရှုစစ်ဆေး
May 12,2022
ဖလမ်းခရိုင်၊ဖလမ်း မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှု များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့‌ပေါ်ရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ အလိုက် လက်ခံဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေးသင်တန်းဆင်းပွဲကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ဆိုင်ကယ် ပြုပြင်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပလန (၂) ကျေးရွာတွင် နေထိုင်လျက်ရှိသည့် မြစ်ဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ဆဒုံးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်း ဒုတိယနေ့ဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာကျောင်းအသီးသီးတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ဒုတိယ​နေ့ ကျောင်းအပ်နှံခြင်းလုပ်ငန်းကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 12,2022
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်မြို့နယ် သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသ အပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက မျှင်ဝါးတောင်ကျေးရွာအုပ်စုရှိ ပုသိမ်-မုံရွာ ကားလမ်းဘေး မိုင်တိုင် (၇၇) အနီး မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ်(၅၂) တွင် စုပေါင်းစိုက်ပျိုးခဲ့သည်။
ဟင်္သာတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လမ်း စစ်ဆေးခြင်းနှင့် ခြင်များခိုအောင်း နိုင်သည့်နေရာများ ဆေးဖျန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဟင်္သာတမြို့ပေါ်ရပ်ကွက် အတွင်းနှင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတမြို့နယ်တွင်  မြန်မာ့သိုင်းသင်တန်း အမှတ်စဉ် (၂ /၂၀၂၂ ) သင်တန်းဆင်းပွဲကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအားကစား မြန်မာ့သိုင်းသင်တန်း အမှတ်စဉ် ၂/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့ရှိ မိုးလုံ လေလုံ အားကစားရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားပြုလုပ်
May 12,2022
ကချင်ပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရေကြည်မြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပညာရေးမှူးရုံးရှိ နဝရတ်ခန်းမ၌ ယနေ့ နံနက်ပိုင်းက (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပခဲ့ရာ ရှေးဦးစွာ‌ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။