တနင်္သာရီ ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ်မြို့ဖြစ်သည့် မောတောင် မြို့-မြို့မဈေးအတွင်း ခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှု မရှိစေရေးနှင့် မိုးဦးကျကာလ ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကြီးကြပ် ၍ ယမန်နေ့ ညနေ ၄နာရီ ဈေးသိမ်းအချိန် တွင် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ခြင်ဆေးဖျန်းပေးရာတွင် မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးမျိုး အောင်နှင့် ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးစိုးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့မအုပ်ချုပ်ရေးမှူး ဦးလင်းထိုက်စိုးနှင့်ရာအိမ်မှူးများပူးပေါင်း၍ မြို့မဈေးနှင့်ဈေးဆိုင်ခန်းများအတွင်း ခြင်ပေါက်ဖွားမှု ခြင်ခိုအောင်းနိုင်မှု မရှိစေရေးအတွက် ခြင်ဆေးမှုတ်စက်ဖြင့် ခြင်ဆေးဖျန်းပေးကြကြောင်း မောတောင်မြို့စည်ပင်သာယာရေး အဖွဲ့တာဝန်ခံက သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)