ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ဒဂုံအရှေ့ ဇွန်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီကစ၍ စစ်ပင်တောင်အောက်ကျောင်းရပ်ကွက်ရှိ အမှတ် (၁၃) အခြေခံပညာ မူလတန်းကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်‌ဆေး Sinopharm အား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ဆရာ၊ ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ပထမကြိမ် ဆေးထိုးပေးရာတွင် အမှတ်(၁၃)အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၇၉)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း ကိုဗစ်၁၉ကာကွယ်ဆေးထိုး ရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)