သတင်းများ

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး  ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
Jun 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀ နာရီက‌ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက် အထက(၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် ၁၈၉၆ စင်တီမီတာ ရောက်ရှိလာ
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့မရောက်ရှိသေးသော်လည်း ၁၈၉၆ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Jun 21,2022
၂၀၂၂ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို "မူးယစ်အန္တရာယ်ကာကွယ်ရေး" အသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်၊ စီပင်ကလေးကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jun 21,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများစသည့်တို့အား
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးနိုင်မှု ၂၆၆၅၉၇ဦးထိုးပေးနိုင်ပြီဖြစ်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ (၂၆၆၅၉၇)ဦး ထိုးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်များထုတ်ချေး
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား၂၀၂၂ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၉)နာရီမှ  စတင်၍ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် သစ်စိမ်းစိုက်ပျိုးရေးကွင်းဆင်း ဆောင်ရွက်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှမြေဆီလွှာဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်စိုက်ပျိုးရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက (၃၅) ဧကစိုက်ခင်းများအား မေလမှစတင်ပြီး အကျိုးဆောင်တောင်သူများ၊ ဝန်ထမ်းများနှင့်အတူ စိုက်ပျိုးရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။