မိတ္ထီလာ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင် (အရှေ့) ကျေးရွာတွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းများကို ယမန်နေ့က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Cash For Work စီမံကိန်းနှင့်ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း ကို မြို့နယ်အတွင်းရှိ သရက်ပင် (အရှေ့) ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသောကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး ကိုဗစ်ကာလ ဝင်ငွေနည်း ကျေးလက်နေပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလှမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ကျေးရွာလူထု၏ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် သရက်ပင် (အရှေ့) ကျေးရွာတွင် အိမ်ခြေ ၁၁၂ အိမ်၊ အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ ၅၉၆ ဦး ရှိကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)