သတင်းများ

ငရုတ်ကောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာ(အထက)၊ ပန်းမော်ကျေးရွာ(အထက)၊ ငန်းချောင်းကျေးရွာ(အလက-ခွဲ)၊ နတ်မော်ကျေးရွာ(အထက-ခွဲ)နှင့် ကျောက်ချောင်းလေးကျေးရွာ (အမက)ကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချားမြို့ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ဆောင်ရွက်
Jun 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ယမန်နေ့နံနက်ပိုင်းက  ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်သည့် ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့မှုများပေးအပ်
Jun 21,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များအား မြစ်ရေဝင်ရောက်ပြီး နေအိမ်များရေကြီးနှစ်မြုပ်၍ ရေဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူများတို့က ဇွန် ၂၀ ရက်နေ့က ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးသို့ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster)ထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့ သွားရောက်ကြည့်ရှု
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ငပုတောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ငပုတောမြို့ နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) ထိုးနှံပေးနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးတို့ သွားရောက်ကြည့်ရှု့ခဲ့သည်။
တောင်သာမြို့၌ မိုးရာသီ တိရစာ္ဆန်အစာပင် နေဗီယာမြက်မျိုးစိုက်ပျိုး
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ပန်တောရွာတွင် ယနေ့နံနက် (၉) နာရီအချိန်က မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုး စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ကံမမြို့နယ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Jun 21,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၃၂ ဦး ဆက်လက်ဝင်ရောက်
Jun 21,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၁၃၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပေါ်ဦးပေါ်စ နှမ်းဖြူတစ်တင်း ငွေကျပ် ၅၇၀၀၀ နှုန်း ရောင်းချရ၍ တောင်သူများအဆင်ပြေ
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ  မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ သိမ်းဆည်းလျက်ရှိရာ ပေါ်ဦးပေါ်စ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၅၇၀၀၀ နှုန်းဖြင့် ရောင်းချရ၍ ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။