မိတ္ထီလာ ဇွန် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့ Center (4)e-ID Solftware ရိုက်သွင်းပြီးစီးမှု ကျွမ်းကျင်ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မိတ္ထီလာမြို့ တပ်မ ၉၉ ရှိ ဌာနချုပ်ခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့မှ ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ Center (4)e-ID Solftware ရိုက်သွင်းခြင်းလုပ်ငန်းတွင် မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်များနှင့် နွားထိုးကြီးမြို့နယ်များအတွက် ကိုယ်ရေးအချက်အလက် နိုင်(၄) အမြင့်ဆုံးနံပါတ် (၁၃၂၇၃၈၄)ဦးရေကို Excel Format ရိုက်သွင်း ခြင်း၊ Software အတွင်း ထည့်သွင်းခြင်း လုပ်ငန်းများကို ၂၀၂၂ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၀၂၂ခုနှစ် ဇွန်လ ၁၀ ရက်နေ့အထိ ရာခိုင်နှုန်းပြည့် Software အတွင်း ထည့်သွင်းခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ယခုလို ဆောင်ရွက်နိုင် ခြင်းမှာ တပ်မတော်မှ ကွန်ပျူတာကျွမ်းကျင် စစ်သည်များနှင့် ခရိုင်/မြို့နယ်အတွင်းမှ ကွန်ပျူတာ ကျွမ်းကျင်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမှုကြောင့် ယခုလိုစောလျင်စွာ ဆောင်ရွက်ပြီးစီးရခြင်းဖြစ်ပါကြောင်း၊ Software အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပြီးစီးပြီဖြစ်သော်လည်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာမှ မြို့နယ်အလိုက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ e-ID Solftware ရိုက်သွင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် မိတ္ထီလာ တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ ၊ မိတ္ထီလာခရိုင်/မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက e-ID Solftware ဆိုင်ရာလုပ်ငန်း အောင်မြင်အောင်ဆောင်ရွက်ပေးခဲ့မှုအတွက် ကျေးဇူးတင်အမှာစကား ပြောကြားရာတွင် မြို့နယ်အလိုက် e -ID Solftware ရိုက်သွင်းခြင်းကို ပြီးစီးအောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးပင်ဝမ်သာဂုဏ်ယူပါကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ခြင်း၊ လုပ်နည်းစနစ်များ မှားယွင်းခြင်းတို့ကြောင့် ထပ်မံလွဲမှားမှုများ မရှိစေရေး အတွက် စာရင်းဇယားများကို ယခုကဲ့သို့ e-ID စနစ်ကို အသုံးပြုရခြင်းဖြစ်ပါကြောင်း ၊ ထိုသို့ ဆောင်ရွက်ခြင်းမရှိပါက စာရင်းဇယားမှားယွင်းခြင်းတို့မှာ ဆက်လက်မှားယွင်းနေမည်ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးနှင့် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့က မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မင်းဦး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဒေါ်စုလတ်ထွေးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် e-ID Solftware ရိုက်သွင်းမှုများအနက်မှ အများဆုံးရိုက်သွင်းနိုင်သူများအား မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မင်းဦး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် ဦးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)