ငရုတ်ကောင်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာ(အထက)၊ ပန်းမော်ကျေးရွာ(အထက)၊ ငန်းချောင်းကျေးရွာ(အလက-ခွဲ)၊ နတ်မော်ကျေးရွာ(အထက-ခွဲ)နှင့် ကျောက်ချောင်းလေးကျေးရွာ (အမက)ကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံဆောင်ရွက်ထားမှု အခြေအနေများနှင့် အသက်(၅)နှစ်မှ (၁၂)ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးကောင်းစံ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး မြတ်သန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှ ဒုလက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)