လဲချား ဇွန်၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လဲချားမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာခဲ့ကြောင်း သိရသည်။ ထိုသို့ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင်စေရန်၊မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ်ကောင်းခြင်းကို သိရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
လဲချားမြို့နယ်(ပြန်/ဆက်)